Skip to product information
1 of 2
All Products  Back in Stock  Pickles & Ready To Eat Leaves  Ready To Eat  Shan Foods  ရသာမွန် ဆီတို့ဟူး 

ရသာမွန် ဆီတို့ဖူး (NET W. 100g)

ရသာမွန် ဆီတို့ဖူး (NET W. 100g)

Regular price $2.89 AUD
Regular price Sale price $2.89 AUD
Sale Sold out
Shipping Fee automatically calculated at checkout based on your cart total weight.
ရသာမွန် ဆီတို့ဖူး တတုံး တထုပ် (ဆီမပါ) တခါစားဖူးသူတိုင်း မေ့မရနိုင်သော အရသာကို ပေးစွမ်းနိုင်တဲ့ ရသာမွန် ဆီတို့ဖူး ကို သယ်ဆောင်ရလွယ်ကူစေရန်၊ သန့်ရှင်းလတ်ဆတ်စေရန် သေချာ ထုပ်ပိုးထားပါတယ်။
ရသာမွန် ဆီတို့ဖူး ဟာ
❤ရိုးရာနည်းပညာ အတိုင်းသာ ထုတ်လုပ်ထားခြင်း
❤အရောင်တင်မှုန့်၊ တာရှည်ခံဓာတု ဆေးဝါးများမပါခြင်း
❤အရသာကို ထိန်းသိမ်းထားနိုင်ခြင်း
❤ဆိမ့်သောအရသာကို ပေးစွမ်းနိုင်ခြင်း
တို့ကြောင့် စားဖူးသူတိုင်း သဘောကျနှစ်ခြိုက် သော ရိုးရာ အစားအစာဖြစ်ပါတယ်။
ဆီတိုဖူး စားသုံးနည်လေးတွေ စုပေးထားပါတယ် ..
၁) ဆီတို့ဖူးကို ဒီတိုင်း အထုတ်ထဲမှ ထုတ်ပြီး စားသုံးနိုင်ပါတယ်
၂) ဆီတို့ဖူးကို ငပိချက် ချက်သည့်အတိုင်း ငပိနေရာမှာ ဆီတို့ဖူးကို ခြေပြီး သက်သက်လွတ် ငပိချက် လုပ်စားလို့ရပါတယ်
၃) အသားကင် အသားကြော် လုပ်စားတဲ့အခါ ၂ နာရီလောက် ကြိုပြီး ချေထားတဲ့ ဆီတို့ဖူးနဲ့ နှပ်နှယ်ထားပေးပြီး စားလို့ရပါတယ်
၄) ဆီတို့ဖူးကို ကန်စွန်ရွက်နဲ့ကြော်ပြီး ဆီတို့ဖူး ကန်စွန်ရွက်ကြော် လုပ်စားလို့ရပါတယ်
၅) ရှမ်းခေါက်ဆွဲ လုပ်စားရင်လဲ ထည့်စားကြပါတယ်
၆) မြီးရှည် လုပ်စားရင်တော့ မပါမဖြစ်ပါ
၇) ဆီတို့ဖူးကို ထမင်းနဲ့ နှယ်ပြီးတော့လဲ ဆီတို့ဖူးထမင်းနှယ် လုပ်စားကြပါတယ်
၈) ခရမ်းသီး မီးဖုတ်ပြီး ဆီတို့ဖူးနဲ့ ထည့်သုတ်စားကြပါတယ်
၉) ထမင်းကြော် ထမင်းပူပူလေးနဲ့ စားတယ်
၁၀) ခေါပုတ်နဲ့ ဆီတို့ဖူး တို့စားတာတော့ ရှမ်းတွေအကြိုက်ပေါ့
ဆီတို့ဖူးအရသာမှာ အငံဖြစ်သည်။ သားသတ်လွတ်သည်။ သဘာဝအတိုင်း ရှေးဟောင်းနည်းပညာဖြင့် ကြာရှည်ခံဆေးမလိုပဲ အထားခံနိုင်သည်။
View full details