1
/
of
8
Asian Groceries
ကျားဘမ်းပရုတ်ဆီ (NET WT: 19g)
Regular price
$8.29 AUD
Regular price
Sale price
$8.29 AUD
Unit price
/
per
Couldn't load pickup availability
Admin တို့ စင်္ကာပူမှာ နေထိုင်ခဲ့တုံးက အိမ်က West Coast ဘက်မှာဆိုတော့ အိမ်နဲ့သိပ်မဝေးတဲ့ Singapore နိုင်ငံ ရဲ့ အထင်ကရ Tourist Attraction တစ်ခုဖြစ်တဲ့ Haw Par Villa ကို မကြာမကြာသွားလည်ဖြစ်ပါတယ်။ Haw Par Villa ကို စိတ်ဝင်စားတဲ့ နောက်ထပ်အကြောင်းတစ်ခုကလည်း Haw Par Villa ဆိုတာက Crazy Rich Asian လို့ တင်စားခေါ်ဝေါ်ကြရလောက်အောင်၊ အလွန်ချမ်းသာတဲ့ မြန်မာနိုင်ငံမှ Tiger Balm (ကျားဘမ်းပရုတ်ဆီ) သူဌေးတွေဖြစ်တဲ့ အော်ဘွန်ဟော၊ အော်ဘွန်ပါ တို့ ညီအစ်ကိုနှစ်ဦး ရဲ့ အိမ်ခြံကျယ်ကြီးဖြစ်လို့ပါပဲ။
တကယ်တော့ ကမ္ဘာကျော် Tiger Balm (ကျားဘမ်းပရုတ်ဆီ) ဆိုတာ ရန်ကုန်မြို့ကနေ စခဲ့တာပါ။ အော်ဘွန်ဟော နှင့် အော်ဘွန်ပါ တို့ရဲ့ ဖခင် အော်ချူကင် ဟာ ဖူကျန့်ပြည်နယ် ရှမင်မြို့မှ တရုတ်တိုင်းရင်ဆေးဆရာတစ်ဦးဖြစ်ပြီး၊ ဘုရင့်နန်းတွင်းထဲမှာ လုပ်ကိုင်ခဲ့ပါတယ်။ အော်ချူကင် ဟာ ၁၈၇၀ ခုနှစ်မှာတော့ အဲဒီခေတ်အခါက စီးပွားအင်မတန်ရှာလို့ကောင်းတဲ့ ရန်ကုန်မြို့ကို ထွက်ခွာလာခဲ့ပြီး ရန်ကုန် တရုတ်တန်းမှာ အိန်အန်တောင် Eng Aun Tong (永安堂) ဆေးတိုက်ကို စတင်ထူထောင်ခဲ့ပါတယ်။ အိန်အန်တောင် ရဲ့ အဓိပ္ပါယ်ကတော့ Hall of Everlasting Peace ဖြစ်ပါတယ်။
ဆေးဆရာကြီး အော်ချူကင်မှာ သားသုံးယောက်ရှိပြီး သားအကြီးဆုံး ဖြစ်တဲ့ အော်ဘွန်လျောင်က အသက် ၁၈ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။ တရုတ်လူမျိုးတို့ရဲ့ထုံးစံအရ သားအကြီးဆုံးက မိသားစုစီးပွားရေးကို ကြီးကြပ်ရမှာ ဖြစ်ပေမဲ့ သားအကြီးဆုံးသွားတဲ့အတွက် အငယ်နှစ်ဦး ဖြစ်တဲ့ အော်ဘွန်ဟောနဲ့ အော်ဘွန်ပါတို့ဆီကို တာဝန်ပုံကျလာခဲ့ပါတယ်။ ယဉ်ကျေးတဲ့ကျား လို့ နာမည် အဓိပ္ပါယ်ရှိတဲ့ အော်ဘွန်ဟော ကို ၁၈၈၂ မှာ မွေးဖွားခဲ့ပြီး တရုတ်နိုင်ငံမှာ ပညာသင်ကြားစေခဲ့ပါတယ်။ ယဉ်ကျေးတဲ့ကျားသစ်လို့ အဓိပ္ပါယ်ရတဲ့ အော်ဘွန်ပါ ကတော့ ၁၈၈၈ ခုနှစ်မှာ မွေးဖွားခဲ့ပြီး ဗြိတိသျှကိုလိုနီခေတ် မြန်မာပြည်မှာပဲ အင်္ဂလိပ်ကျောင်းမှာ ပညာသင်ကြားခဲ့ပါတယ်။
၁၉၀၈ ခုနှစ်မှာ ဖခင်ဖြစ်သူ အော်ချူကင် ကွယ်လွန်ခဲ့ပြီး မိသားစုပိုင် ဆေးခန်းလုပ်ငန်းကို သားဖြစ်သူ အော်ဘွန်ပါက ဆက်လက် ပခုံးပြောင်း လုပ်ကိုင်ရပါတယ်။ လုပ်ငန်းတာဝန်ကကြီးလို့ တရုတ်ပြည်က အစ်ကိုဖြစ်သူ အော်ဘွန်ဟော ကို မြန်မာပြည်ပြန်လာစေပြီး ဆေးခန်းလုပ်ငန်းကို အတူတူလုပ်ကိုင်ဖို့ ပြန်ခေါ်ခဲ့ပါတယ်။
ညီဖြစ်တဲ့ အော်ဘွန်ပါ က နေ့မအားညမနား Product Development ကိုကောင်းသည်ထက်ကောင်းအောင် လေ့လာပြီး လုပ်ကိုင်သလို၊ အစ်ကိုဖြစ်တဲ့ အော်ဘွန်ဟော က စီးပွားရေးကို နေ့မနား၊ ညမအား စီမံခန့်ခွဲ တက်ညီလက်ညီလုပ်ကိုင်ခဲ့ကြပါတယ်။
အဲဒီနောက်ပိုင်းမှာတော့ ကြိုးလဲကြိုးစား၊ စည်းလဲစည်းလုံး၊ စီးပွားရေးလဲ အကွက်မြင်တတ်တဲ့ အော်ဘွန်ဟော နှင့် အော်ဘွန်ပါ ညီအစ်ကိုနှစ်ယောက်ဟာ Cure-All Ointment ဘက်စုံသုံး ကျားဘမ်း ပရုတ်ဆီကို တွင်ကျယ်စွာ ထုတ်လုပ်ရောင်းချခဲ့ပြီး စီးပွားရေးအင်ပါယာကြီးကို ထူထောင်ခဲ့ပါတယ်။ အိန်အန်တောင် ဆေးတိုက်ကြီးကနေပြီးတော့ ကျားဘမ်းပရုတ်ဆီအပြင် ဗလရှင် ငုံဆေးပြားနှင့် အခြားသော အိမ်သုံးဆေးဝါးများကို မြန်မာပြည်အနှံ့ လူတန်းစားမရွေး ဝယ်ယူသုံးစွဲနိုင်တဲ့ ဈေးနှုန်းနဲ့ တွင်ကျယ်စွာ ထုတ်လုပ်ခဲ့ကြပါတယ်။
အလုပ်တအားကြိုးစားတဲ့ သူတို့ ညီအစ်ကိုနှစ်ဦးဟာ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ နှစ်အနည်းငယ်အတွင်း အမြန်အောင်မြင်လာခဲ့ကြပြီး ၁၉၂၀ အရောက် အသက် ၄၀ ပင်မပြည့်သေးခင်မှာ ရန်ကုန်မြို့ရဲ့ အချမ်းသာဆုံး တရုတ်လူမျိုးတွေ ဖြစ်ခဲ့ပါတယ်။ အော် ညီအစ်ကိုနှစ်ဦးဟာ ပရဟိတစိတ်လည်း ရှိခဲ့ကြပြီး မြန်မာပြည်အနှံ့မှာ အဆောက်အအုံ တော်တော်များများကို ဆောက်လုပ်လှုဒါန်းခဲ့ပါတယ်။ အထင်ရှားဆုံး အဆောက်အအုံကတော့ ယနေ့အထိတည်ရှိနေတဲ့ ရန်ကုန်မြို့၊ လှိုင်မြို့နယ်ထဲကပရဟိတ(ကျား)ကျောင်းပဲ ဖြစ်ပါတယ်။
ရည်ရွယ်ချက်ကြီးတဲ့ အော်ဘွန်ဟောဟာ ဒီလောက်အောင်မြင်မှုလောက်နဲ့ ရောင့်ရဲတင်းတိမ်မနေပါဘူး။ ၁၉၂၆ ခုနှစ်မှာ ညီဖြစ်သူ အော်ဘွန်ပါ ကို ရန်ကုန်မှာ ထားခဲ့ပြီး စင်္ကာပူကို ခြေဆန့်ခဲ့ပါတော့တယ်။ အဲဒီခေတ် စင်္ကာပူပိုက်ဆံရဲ့ Watermark (ရေစာ) မှာ မန်ဖီနေတဲ့ကျားရုပ်ကြီးပုံပါတော့ စင်္ကာပူဟာ ငါ့ရဲ့အောင်မြေပဲ ဆိုပြီး စင်္ကာပူကို ရွေးချယ်ဖြစ်သွားတယ်လို့ဆိုပါတယ်။
စင်္ကာပူနိုင်ငံ Neil Road ကစက်ရုံကြီး အပြီးမှာ ရန်ကုန်စက်ရုံထက် ၁၀ ဆ ပိုမိုထုတ်လုပ်နိုင်ခဲ့ပြီး Tiger Balm ပရုတ်ဆီတွေကို စင်္ကာပူ၊ မလေးရှား၊ ဟောင်ကောင်၊ ဘာတမ်၊ ယိုးဒယား၊ တရုတ်ပြည် စတဲ့ နိုင်ငံတွေကိုပါ အကြီးအကျယ်ဖြန့်ချီရောင်းချပါတော့တယ်။ အော်ဘွန်ဟောဟာ ဟွန်းတီးရင် ကျားဟိန်းသံမြည်တဲ့ သူရဲ့ custom-made ကျားရုပ် ကားကြီးကို စင်္ကာပူ+မလေးရှား (မာလာယုကျွန်းဆွယ်ကြီး) မြို့ငယ်ရွာငယ်လေးတွေပါမကျန် မောင်းနှင်သွားလာခဲ့ပါတယ်။
ကျားဟိန်းသံတဝေါင်းဝေါင်းနဲ့ Tiger Balm ကားကြီးလာပြီဆိုရင် မြို့ရွာလေးတွေမှာ လူတွေအထူးအဆန်း ဝိုင်းအုံကြည့်ကြတဲ့အခါ၊ ကျားဘမ်းပရုတ်ဆီ နမူနာလက်ဆောင်လေးတွေပေးပြီး ပရုပ်ဆီသုံးစွဲတဲ့ Customer တွေ အများကြီး တိုးပွားလာစေခဲ့ပါတယ်။
ဆေးအရည်အသွေး ထိန်းထားနိုင်မှု၊ Recipe ကောင်းမွန်မှုကြောင့် နှစ်ပေါင်းရာချီတည်တံ့လာခဲ့တဲ့ ကျားဘမ်းပရုတ်ဆီဟာ ယနေ့ခေတ်မှာတော့ နိုင်ငံပေါင်း ၁၀၀ ကျော်က ပုံမှန်သုံးစွဲသူ သန်းပေါင်းများစွာအတွက် နှစ်စဉ်ထုတ်လုပ်ရောင်းချပေးနေဆဲဖြစ်ပါတယ်။ ShweBiz.com မှာလည်း ကျားဘမ်းပရုတ်ဆီကို စျေးနှုန်းချိုသာစွာ ဝယ်ယူနိုင်ပါပြီ။
Made: Product of Singapore

Shop by Categories
- »Tea Leaves & Assorted Beans
- »Monhinga & Noodles
- »Preserved Fruits & Snack
- »Curry Paste, Oil, Powder & Spices
- »Canned Foods
- »Fish Paste, Dried Fish & Dried Prawns
- »Ready To Eat Food & Relish
- »Pickles & Ready To Eat Leaves
- »Salads
- »Soup, Crackers and Dried Goods
- »Coffee & Tea
- »Vegetarian
- »Health & Beauty
- »Books
- »Spring Collection
- »Asian Groceries