Skip to product information
1 of 3

T&T (ဇီးယို)

T&T တလုတ်စာ အညာဆီးယို အစပ် (၁၀ ထုပ်တွဲ)

Regular price $5.99 AUD
Regular price Sale price $5.99 AUD
Sale SOLD OUT
ဒီ အညာဆီးယို ရဲ့ ထူးခြားချက်က မြန်မာ့လက်ရာ အညာစတိုင်စစ်စစ် ထန်းလျက်နဲ့ မန်ကျည်းကိုပဲ အသုံးပြုထားတာဖြစ်လို့ ကျန်းမာရေးနဲ့ညီညွတ်ပြီး အရသာပိုထိတယ်။ အ​စေ့လွတ်ပုလဲဆီးသီးကိုဘဲ အသုံးပြုပြီးထိုးထားတဲ့ အညာဆီးယိုလေးပဲ ဖြစ်ပါတယ်။ အညာဆီးယိုမှာတော့ အစပ်နဲ့ ရှယ်အစပ်ဆိုပြီး (၂) မျိုးရှိတယ်နော် ချစ်တို့ ရေ။

T&T က တလုပ်စာယိုစုံလေးတွေဟာ ဓာတုဆိုးဆေးတွေမပါဘဲ ပျားရည်နဲ့သကြားကို ငရုတ်သီးမှုံ့ စတဲ့ ingredient တွေကို အသုံးပြုပြီးယိုထိုးထားတာပါ။ T&T က သစ်သီးယိုစုံလေးတွေက စားလိုက်ရင် အိအိလေးနဲ့ လက်ကမချနိုင်လောက်အောင် စားလို့ သိပ်ကောင်းတာကြောင့် TV ကြည့်ရင်းအပျင်းပြေစားကြမလား၊ အလုပ်လုပ်ရင်း၊ စာလုပ်ရင်း အိပ်ချင်ပြေ ယိုစုံ ရှုးရှဲ စပ်စပ်လေးစားကြမလား၊ ခရီးသွားရင်း ကားမောင်းရင်း မငိုက်အောင်ပဲ အလွယ်တကူ ဖောက်စားကြမလား အဆင်ပြေလွယ်ကူတယ်နော်။ တလုတ်စာမှာ အချို လုံးဝ မထွက်ပါဘူး။ အကုန်လုံး နဲနဲလေးစပ်တာနဲ့ များများစပ်တာပဲကွာတာမို့... မြည်းစမ်းစေချင်ပါဘိ ချစ်တို့ရေ။