1
/
of
5
ရွှေတို့ရွာ
ရွှေတို့ရွာ နှမ်းဖတ်ချဉ် (150g)
Regular price
$6.99 AUD
Regular price
Sale price
$6.99 AUD
Unit price
/
per
Couldn't load pickup availability
ရွှေတို့ရွာက ထုတ်လုပ်တဲ့ အညာအစားအစာ နှမ်းဖတ်ချဉ်အထုတ်လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ရွှေတို့ရွာ နှမ်းဖတ်ချဉ်ရဲ့ထူးခြားချက်ကတော့ ဆားလင်းကြီးဒေသထွက် နှမ်းဖတ်ချဉ်ကိုသုံးထားတာပဲဖြစ်ပြီး ထူးခြားတဲ့အရသာပေးမှာဖြစ်ပါတယ်။ ရိတ်ရိတ်ကလေးလှီးထားတဲ့ရှောက်ရွက်မွှေးမွှေးလေးနဲ့ သုပ်စားမလား? ကြော်ချက်ကလေးပဲချက်စားမလား အမျိုးမျိုးလုပ်စားလို့ရတဲ့ အညာနှမ်းဖတ်ချဉ်ပါ။ ညစာတစ်ခွက် အရသာလျှာရင်းမြက်စေဖို့ အကောင်းဆုံးဖြည့်စည်းပေးမှာပဲဖြစ်ပါတယ်။ ပုဂံညောင်ဦးဖက်က ထမင်းဆိုင်တွေမှာ ပုန်းရည်ကြီးတစ်ခွက် အမြဲပါတတ်သလိုမျိုး၊ ပခုက္ကူတို့လို အထက်အညာဖက်က ထမင်းဆိုင်တွေမှာဆိုလဲ နှမ်းဖတ်ချဉ်ကလေး တစ်ခွက်က တကယ့် အသက်ပါ။ နှမ်းဖတ်ချဉ်ချက် ပူပူလေးကို ငရုတ်သီးစိမ်းထက်ပိုင်းချိုး၊ ပင်စိမ်းရွက်ကလေးတွေအုပ်ပြီး၊ လွေးလိုက်ရရင် စားကောင်းလွန်းလို့ ထမင်းမကြာမကြာထခူးရမှာ သေချာပါတယ်။ ရွှေတို့ရွာ နှမ်းဖတ်ချဉ်မှာ ပါဝင်တဲ့ ပစ္စည်းတွေ ကတော့ သန့်ရှင်းလတ်ဆတ်တဲ့ မြေပဲဖတ် ကို ရေသန့် ၊ ဆားနဲနဲ နဲ့ အချဉ်ဖေါက်ထားတာပါ။ စည်သွတ်ဘူးနည်းပညာသုံးပြီး အချိန်ကာလ ၆ လ ကျော် ကြာရှည်ခံအောင် စီမံထားပါတယ်။ ဘတ်တီးရီးယား၊ မှို အစရှိတဲ့ ပိုးမွှားများကို သေအောင်အပူပေး ပိုးသတ်စက် Sterilizing Machine များသုံး ထားလို့ အာဟာရတန်ဖိုး မပျက်စေတာကြောင့် ယုံကြည်စိတ်ချစွာ စားသုံးနိုင်ပါတယ်။ အစားအသောက်နှင့် ဆေးဝါးမှ ထောက်ခံချက် FDA လဲရထားတာမို့ စိုးရိမ်စရာမလိုစားသုံးနိုင်ပါတယ်။ အသင့်စား ဆိုတဲ့အတိုင်း ရေဆေးကြောစရာမလိုပဲ အထုတ် ကိုဖွင့်ပြီးတိုက်ရိုက် သုံးဆောင်နိုင်ပါတယ်။




Search by Categories
- »လက်ဖက် နှင့် အကြော်စုံ
- »မုန့်ဟင်းခါး၊ နန်းကြီးသုပ်၊ ခေါက်ဆွဲ
- »ယိုစုံနှင့် မုန့်များ
- »ဟင်းအနှစ်၊ အမှုန့်၊ ဟင်းခတ် အမွှေးအကြိုင်
- »စည်သွပ်ဗူးများ
- »ငပိ၊ ငါးခြောက်၊ ပုစွန်ခြောက်
- »အသင့်စား နှင့် အရံဟင်းများ
- »သနပ်၊ ရှမ်းချဉ်၊ အရွက်များ
- »အသုပ်အမျိုးမျိုး
- »ဟင်းရည်၊ ငါးမုန့်၊ ပုစွန်မုန့်၊ ကုန်ခြောက်များ
- »Halal
- »Health & Beauty
- »စာအုပ်များ
- »Spring Collection