Skip to product information
1 of 5

ရွှေညာ ဝါးခယ်မမုန့်ဟင်းခါး

ရွှေညာ ဝါးခယ်မမုန့်ဟင်းခါး (180g)

Regular price $8.89 AUD
Regular price Sale price $8.89 AUD
Sale SOLD OUT
မြစ်၀ကျွန်းပေါ်ဒေသထွက် ရွှေညာဝါးခယ်မ မုန့်ဟင်းခါး ။ ငါးအလွန်ပေါများတဲ့ အရပ်ကမို့ ရေချိုငါးစစ်စစ်တွေ ကိုပေါပေါလောလော အသုံးပြုထားပြီး သန့်ရှင်းလတ်ဆတ်တဲ့ သဘာဝ ငါးငံပြာရည်ကို အသုံးပြုထားတာမို့ အရသာက အထူးပြောဖို့မလိုအောင် ကောင်းတဲ့ မုန့်ဟင်းခါးပါ။

ငရုတ်ကောင်းနံ့မွှေးမွှေးလေး
ငါးအရသာ ချိုချိုလေးနဲ့
ဝါးခယ်မ မုန့်ဟင်းခါးလေး စားချင်သူတွေအတွက်ပါနော် ငါးတွေအများကြီးနဲ့ပြုလုပ်ထားလို့ အရသာကတော့ရှယ်
ချက်နည်းလေးပါ ဝေမျှလိုက်တယ်နော်
၁-ရေနို့ဆီဗူး ၄လုံး ဆူအောင်ကျိုပါ
၂-ဆူလျှင် ငါးအသားထုပ်ဖောက်ထည့်ပါ
၃-ကြက်သွန်နီ (ကြိုက်နှစ်သက်သလို)ထည့်ပါ
၄-ဆန်မှုန့်ကို ရေအနည်းငယ်ဖြင့်ဖျော်ပြီး ဆူလာသည်အထိမွှေပါ
၅-မုန့်ဟင်းရည်အနံ့မွှေးလာလျှင် ကြက်သွန်ဖြူ (၄)လုံးကိုခွာရ်ျ ငရုတ်ကောင်းမှုန့်နှင့် ရောထောင်းပြီးထည့်ပါ။
၆-၅မိနစ်ခန့်ကြာလျှင် သုံးဆောင်နိုင်ပါသည်။