1
/
of
4
ထားဝယ် စမတ်ခြောက် (အချိုခြောက်) (160g)
ထားဝယ် စမတ်ခြောက် (အချိုခြောက်) (160g)
Regular price
$9.99 AUD
Regular price
Sale price
$9.99 AUD
Unit price
/
per
Shipping Fee automatically calculated at checkout based on your cart total weight.
Couldn't load pickup availability
ဆားလုံးဝ မပါသောအချိုခြောက်စစ်စစ် စမတ်ခြောက်လေးတွေ ရပါပြီ။ ဒီနှစ်ရတဲ့ အသစ်စက်စက် စမတ်ခြောက်ကလေးတွေမို့ လတ်ပြီးချိုနေတာ။ စမတ်ခြောက်ကလေးတွေကို ကြွပ်ကြွပ်လေး ကြော်ပြီး ဒီတိုင်းစားစား သုပ်ပြီးစားစား လုံး၀အရသာရှိပါတယ်နော်။ ဗမာသုပ်ကလေး သုပ်စားကြမယ်ဆိုရင်တော့ ကြက်သွန်စိမ်းလေးနဲ့ သံပုရာသီးလေးညှစ် ငံပြာရည်လေးပေါက်ပြီး ငရုတ်သီးစိမ်း နံနံပင်လေးနဲ့ သုပ်တာပေါ့။ ရှယ်အစပ်လေးကြိုက်ရင်တော့ ရခိုင်သုပ်ကလေးသုပ်စားပါနော်။ ရခိုင်သုပ်ကတော့ စမတ်ခြောက်ကလေးကိုကြော်ပြီးရင် ငါးပိထောင်းလေးရယ် ငရုတ်သီးစိမ်း ကြက်သွန်ဖြူ ငရုတ်ကောင်း လေးတွေကိုလှော်ထောင်းပြီး သုပ်ရလို့ ပိုပြီးလေးလေးပင်ပင်နဲ့ အရမ်းအရသာရှိပါတယ်။ စမတ်ခြောက်သုတ်ကလေးမြည်း ရေနွေးကြမ်းကလေး တကြိုက်သောက်လိုက်လို့ကတော့ လုံးဝလုံးဝရှယ်ပါပဲ။
Share



