Skip to product information
1 of 2
All Products  Curry Paste, Oil, Powder & Spices  New Products  Ready To Eat  Vegetarian 

မြနှင်းဆီ ပုန်းရည်ကြီး (25g)

မြနှင်းဆီ ပုန်းရည်ကြီး (25g)

Regular price $1.49 AUD
Regular price Sale price $1.49 AUD
Sale Sold out
Shipping Fee automatically calculated at checkout based on your cart total weight.
မြန်မာတို့ရဲ့ရိုးရာအစားအစာ ပုဂံဒေသငါ့သရောက်ဆည်ရွာကထုတ်လုပ်တဲ့ဒေသထွက်အစားအစာ၊ နှစ်ပေါင်း၆၀ခန့်ကတည်းကထုတ်လုပ်ခဲ့တဲ့အမှတ်တံဆိပ်တခု ကတော့ မြနှင်းဆီ ပုန်းရည်ကြီးဖြစ်ပါတယ်။
အညာဒေသမှာ ပုန်းရည်ကြီးကိုနှစ်ခြိုက်စွာစားသုံးလေ့ရှိကြပါတယ်။ အသားဟင်းနဲ့တွဲဖက် ချက်ပြုတ်စားသုံးကြသလို ပုန်းရည်ကြီးကိုကြော်ပြီးလည်းစားသုံးကြပါတယ်။ ဘဲဥပုန်းရည်ဟင်းအနေဖြင့်နှစ်သက်စွာစားသုံးကြသလို ပုန်းရည်ကြီးသုပ်ဟာလည်း ထမင်းမြိန်စေတဲ့ဟင်းတခွက်ဖြစ်ပါတယ်။
အညာဒေသမှာတော့ ပုန်းရည်ကြီးကို ဝက်သားပုန်းရည်ဟင်း၊ ဘဲဥပုန်းရည်ဟင်း၊ ပုန်းရည်ကြီးသုပ်၊ ပုန်းရည်ကြီးကြော်အပြင် ချဉ်ပေါင်ရွက်နဲရောပြီးချဉ်ဟင်းအနေနဲ့လည်းချက်ပြုတ်သုံးဆောင်လေ့ရှိကြပါတယ်။ ခေါက်ဆွဲနဲ့လည်း ပုန်းရည်ကြီးခေါက်ဆွဲကြော်ကြော်စားကြပါတယ်။
အခြားဟင်းလျာအမယ်တမျိုးအနေနဲ့ ပုန်းရည်ကြီးကို ငါးတန်၊ငါးမြင်းစတဲ့ ငါးတွေနဲ့ချက်စားရင်လည်း ထမင်းမြိန်စရာ ဟင်းတခွက်ဖြစ်နေမှာအမှန်ပါပဲ။
View full details