မင်းလမ်း (ရခိုင်မုန့်တီ)

မင်းလမ်း သဘာ၀ငါးမုန့် (170g)

Regular price $9.99 AUD
Regular price Sale price $9.99 AUD
Sale SOLD OUT
မြန်မာပြည်ရဲ့ နာမည်ကြီး မင်းလမ်းမုန့်တီက ထုတ်လုပ်တဲ့ မင်းလမ်းငါးမုန့်။ စားလိုက်ရင် တကြွပ်ကြွပ်နဲ့ ပါးစပ်ထဲမှာအရသာရှိနေတဲ့ မင်းလမ်းငါးမုန့်ကြော်ကို မုန့်တီသောက်ရင်း ဝါးမလား၊ ဘီယာသောက်ရင်း ဝါးမလား၊ သူငယ်ချင်းတွေ စကားပြောရင်း ဝါးမလား၊ အပျင်းပြေဝါးမလား၊ အဆာပြေဝါးမလား၊ အရသာခံဖို့ဝါးမလား အချိန်တိုင်း ဝါးနေလိုက်လို့ရပါတယ်နော်။
ဓာတုဗေဒကင်းစင်ပြီး လတ်ဆတ်တဲ့ ငါးမုန့် (ခေါ်) ပါပရာကို ပြုလုပ်ရာမှာ ငါးကွမ်းရှပ်အသားကိုခြစ်ထုတ်ပြီး ပီလောပီနံမှုန့်အနည်းငယ်နဲ့ပေါင်းစပ်ထားကာ မင်းလမ်းပင်မထုတ်လုပ်ရုံမှာပဲ ကျန်းမာရေးနဲ့အညီ သန့်ရှင်းစွာ ထုတ်လုပ်ထားတာဖြစ်ပါတယ်။ ငါးမုန့်အစိုကို အခြောက်ခံတဲ့အခါမှာလည်း ကျန်းမာရေးအတွက် ပိုမိုစိတ်ချရစေဖို့ စတီးအခြောက်ခံစက်များကို အသုံးပြုထားပြီး သဘာဝငါးကွမ်းရှပ်စစ်စစ်နဲ့ပြုလုပ်ထားလို့ အာဟာရလည်းပြည့်ဝစေတဲ့ ငါးမုန့်စစ်စစ်ကို ခံစားရမှာဖြစ်ပါတယ်။