Skip to product information
1 of 3

မိစံ အညာလက်ရာ

မိစံ အညာလက်ရာ သခွပ်ပွင့်သုပ် (125 g)

Regular price $4.95 AUD
Regular price Sale price $4.95 AUD
Sale SOLD OUT
ဟင်းငုတ်ပင်(ခေါ်)သခွပ်ပွင့် ဟာ အဖြူရောင်အဆင်းရှိပြီး တစ်ထွာခန့်ရှည်ကာ လည်တံရှည်ထိပ်ကားလျက်ရှိသော အပွင့်တစ်မျိုးဖြစ်ပါတယ်။ သခွပ်ပွင့်ကိုပြုတ်ပြီး အတို့အမြှုပ်အနေနဲ့စားကြသလို အခြောက်လှန်းပြီး လက်ဖက်ရည်ခပ်၍လည်းသောက်ကြပါတယ်။ သခွပ်ပွင့်ချိန်ဟာ သရက်သီး စ သီးချိန်လည်းဖြစ်လို့ သခွပ်ပွင့်ဟာ သရက်သီးချဉ်၊ငပိချက်နဲ့လည်းအလွန်လိုက်ဖက်လှပါတယ်။ အဖန်အခါးဓါတ်ကလေးရှိတဲ့ သခွပ်ပွင့် ဟာ အလွန်ဆေးဖက်ဝင်တာကြောင့် အညာဒေသတောရွာတွေမှာ သေချာစိုက်ပျိုး စားသုံးကြလေ့ရှိပါတယ်။ မိစံ သခွပ်ပွင့်သုပ် ကလေးကတော့ သခွပ်ပွင့်ကို ခက်ခက်ခဲခဲရှာဖွေစားစရာမလိုအောင် Readymadeအထုပ်‌အနေနဲ့ ထုတ်လုပ်ထားတာဖြစ်ပါတယ်။