Skip to product information
1 of 3

အိမ်ချက်

အိမ်ချက် ရခိုင်မုန့်တီ (အနှစ်)

Regular price $6.99 AUD
Regular price Sale price $6.99 AUD
Sale SOLD OUT
ပါဝင်ပစ္စည်းများ။ ။ ငါးရွှေမီးဖုတ်၊ ငရုတ်သီးစိမ်း၊ မျှင်ငပိ၊ ကြက်သွန်ဖြူ၊ ဆား၊ ငံပြာရည်၊ ငရုတ်ကောင်း၊ ပဒဲကော။
ငါးရွှေအစစ်နဲ့ ချက်ထားတဲ့ ရခိုင်အရသာစစ်စစ် ရခိုင်မုန့်တီ။ ပူပူစပ်စပ်နဲ့ ငုပ်နေတာတွေ ပွင့်ထွက်စေမယ့် အစားအစာတစ်မျိုးဖြစ်ပါတယ်။ မိသားစုနဲ့ပဲအတူတူစားမလား၊ သူငယ်ချင်းတွေစုပြီးတော့ပဲစားမလား ဘယ်လိုပဲစားစားအဆင်ပြေတဲ့အိမ်ချက်ရခိုင်မုန့်တီအနှစ်ဘူးလေးပါ။ ရခိုင်မုန့်တီအနှစ်တစ်ဗူးကို မုန့်ဖက် ၁ ပိဿာနဲ့တောင်စားလို့ရတဲ့ အိမ်ချက်ရခိုင်မုန့်တီ အနှစ်ဗူး။

မုန့်တီအရည်လေးသောက်မယ်ဆို ဗူးကိုဖောက်ပြီးဗူးမှာပါတဲ့အညွှန်းထဲကအတိုင်းရေ၄ဆ ခပ်ကျဲကျဲသောက်ချင်ရေ၅ဆထည့်ပြီး၃မိနစ်လောက်တည်လိုက်တာနဲ့အရသာရှိတဲ့ရခိုင်မုန့်တီအရည်လေးရပြီပေါ့ဗျ။

ရခိုင်မုန့်တီသုပ်လုပ်စားချင်ရင်လည်း အိမ်ချက်ရခိုင်မုန့်တီအနှစ်နဲ့ပဲ မုန့်တီသုပ်စားလို့ရတယ်နော်။

တဝက်ကို အရည်ချက်၊ တဝက်ကိုသုပ်စားလဲ ဖြစ်တာပဲနော်။