Skip to product information
1 of 5

အိမ်ချက်

အိမ်ချက် သီးစုံပဲကုလားဟင်း (430g)

Regular price $6.59 AUD
Regular price Sale price $6.59 AUD
Sale SOLD OUT
သီးစုံပဲကုလားဟင်းတစ်ခွက် ပြည့်စုံဖို့အတွက် ဘူးသီး၊ ရုံးပတီ၊ ခရမ်းသီး စတဲ့အမယ်တွေ စုံလင်အောင်လည်းထည့်ချင်မယ်၊ နဲနဲပါးပါး တခါစားလောက်ပဲချက်မယ်၊ အရသာကလည်း အိုးကြီးချက်လိုရှယ်ကောင်းချင်တယ် ဆိုရင်တော့ သိပ်မလွယ်ဘူးနော်။
မြန်မာပြည်နဲ့ ဝေးရာမှာရောက်နေလို့ အိမ်မှာ အမေချက်ကျွေးနေကြသီးစုံပဲကုလားဟင်းအရသာလေးကိုပြန်တမ်းတနေမိလား? ပဲကုလားဟင်းရည်လေးဆမ်းလိုက်၊ ဇွန်းနဲ့ခပ်သောက်လိုက်နဲ့ လျှောကနဲ လျှောကနဲ့ ထမင်းစားလို့ပိုကောင်းချင်ကြသလား?
အဲဒါတွေအတွက်အိမ်ချက်သီးစုံပဲကုလားဟင်းလေးဆောင်ထားလိုက်ရင် လုံးဝကိုအဆင်ပြေနေမှာအသေအချာပါပဲ။
အိမ်ချက်ကနေထုတ်တဲ့သီးစုံပဲကုလားဟင်းဗူးလေးက ဖွင့်လိုက်တာနဲ့ သွားရည်ယိုစရာကောင်းအောင် မွှေးပြီး စားကြည့်ရင်လည်း အရသာရှယ်ကောင်းတယ်။ နောက်ပြီး ဗူးထဲမှာ အသီးအနှံတွေပါတော့ စားဖူးသူတိုင်းလည်းလျှာလည်သွားကြသလို မစားဘူးသေးတဲ့ မိတ်ဆွေတွေကိုလည်း မြည်းစမ်းစားကြဖို့ လက်တို့လိုက်ပါတယ်။