Skip to product information
1 of 3

အိမ်ချက်

အိမ်ချက် အုန်းနို့ခေါက်ဆွဲ ဟင်းရည်အနှစ်

Regular price $7.70 AUD
Regular price Sale price $7.70 AUD
Sale SOLD OUT
အုန်းနို့ခေါက်ဆွဲဆိုတာ မြန်မာလူမျိုးတွေသာမက နိုင်ငံခြားသားတွေပါ ကြိုက်နှစ်သက်ကြတဲ့ မြန်မာအစားအစာတစ်မျိုးဖြစ်ပါတယ်။ ဒါပေမယ့် ကိုယ့်ဖာသာ အုန်းနို့ ခေါက်ဆွဲချက်ကြည့်လိုက် စားလို့တော့ကောင်းပေမယ့် တခုခုလိုနေသေးလိုက် ဆိုသလို ဖြစ်နေရင် အိမ်ချက် အုန်းနို့ခေါက်ဆွဲ ဟင်းရည်အနှစ် လေးသုံးကြည့်ပါ။ အနံမွှေးမွှေးလေးနဲ့ အရသာလဲအရမ်းရှိတဲ့အုန်းနို့ခေါက်ဆွဲဟင်းရည်ရဖို့ ကြက်သားတုံးအကိတ်ကြီးတွေပါတဲ့အိမ်ချက်အုန်းနို့ခေါက်ဆွဲဟင်းရည်အနှစ်ဗူးလေးကတာဝန်ယူပါလိမ့်မယ်။
ချက်ရတာကလည်းလွယ်လိုက်တာမှ အိမ်ချက်အုန်းနို့ခေါက်ဆွဲဟင်းရည်အနှစ်ဗူးလေးကိုဖောက်ပြီးအိုးထဲထည့်ပြီးရင်ရေကိုအိမ်ချက်စည်သွပ်ဗူးအတိုင်းတစ်ဗူး(သို့)တစ်ဗူးခွဲလောက်ထည့်ပြီးမီး‌ဖိုပေါ်မှာ(၃)မိနစ်လောက်တည်လိုက်ရုံနဲ့ အရသာရှိတဲ့အုန်းနို့ခေါက်ဆွဲဟင်းရည်ရပြီ ။ အနံ့လေးတွေလဲ မွှေးတက်လာမှာမလို့ အနံ့ရယုံနဲ့တင်သွားရည်ကျစေရမယ့် အိမ်ချက်အုန်းနို့ခေါက်ဆွဲဟင်းရည် အနှစ်ဗူးလေးဆောင်ထားလိုက်ကြတော့နော်။
မြန်မာအုန်းနို့ခေါက်ဆွဲလို ဂျုံခေါက်ဆွဲနဲ့ စားစား၊ Laksa လို Rice Noodle နဲ့ ဆွဲဆွဲ ကြိုက်သလိုဆွဲလို့ရပြီ။