24 June 2022 ကျွန်တော်တို့ အိမ်ထဲမှာ မိုးလုံလေလုံ နွေးနွေးထွေးထွေးနေနေကြတဲ့အချိန်မှာ မြန်မာပြည်က စစ်ဘေးရှောင်မိသားစုတွေမှာတော့ မိုးထဲရေထဲမှာ ချမ်းချမ်းစီးစီးနဲ့ နေနေကြရပါတယ်။
စစ်ဘေးရှောင်မိသားစုအိမ်ခြေ (၁ဝဝ) နီးပါး အတွက် အရေးပေါ် မိုးကာစတွေလိုနေဆိုတဲ့ သတင်းကို မနေ့ညက Clean Yangon မှာတွေ့လိုက်ရလို့ မိသားစု (၁ဝ) စုစာအတွက် မိုးကာစ (၁ဝ) ခု လှူဖြစ်ပါတယ်။
ဒီအလှူငွေဟာ ShweBiz တဦးတည်းလှူတာမဟုတ်ပဲ shop.shwebiz.com ကနေ ဝယ်ယူအားပေးတဲ့ customer တယောက်စီတိုင်းနဲ့ အတူတူလုပ်ဖြစ်တဲ့ စုပေါင်းအလှူများထဲမှ အလှူတခုဖြစ်ပါတယ်။ shop.shwebiz.com ကိုအားပေးကြတဲ့ customer တယောက်စီတိုင်းကို အထူးကျေးဇူးတင်ပါတယ်။ 🙏
* မိုးကာစတွေထပ်လှူဖို့ လိုနေပါသေးတယ်လို့သိရပါတယ်။ Clean Yangon ကိုတိုက်ရိုက်လှူခြင်းဖြင့်လည်း ပါဝင်အားဖြည့်နိုင်ကြပါတယ်။ 🙏