PDF ၁၀ ဦး အတွက် December လ လစဉ်ထောက်ပို့အလှူ

PDF ၁၀ ဦး အတွက် December လ လစဉ်ထောက်ပို့အလှူ

💪 ShweBiz နှင့် Customer များရဲ့ လစဉ်မပြတ် အုတ်တစ်ချပ်၊ သဲတစ်ပွင့်အလှူအဖြစ် December လအတွက် PDF ၁၀ ဦးစာ ထောက်ပံ့လှူဒါန်းဖြစ်ပါတယ်။
💪 NUG မှ ဦးစီးသည့် People's Revolution Supply Family (PRF) တဆင့် နိုင်ငံတဝှမ်း PDF အဖွဲ့များသို့ အစားအသောက်၊ အဝတ်အစား၊ ကျန်းမာရေး စသည်တို့ကို အဓိကထားဖြည့်ဆည်းပေးနေခြင်းဖြစ်ပါတယ်။
💪 ဒီလအတွက် ထူးထူးခြားခြား ဂုဏ်ယူဝမ်းမြောက်စရာတခုအနေနဲ့ ပြည်သူ့တော်လှန်ရေးထောက်ပို့မိသားစုအဖွဲ့ဝင်တွေဟာ တော်လှန်ရေးကာလအတွင်း ဘယ်လောက်ပဲ လှိုင်းထန်လေကြမ်းပါစေ၊ လိုရာခရီးကိုရောက်အောင် အဖက်ဖက်ကနေ တောင့်ခံတွန်းတင်ပေးနေတဲ့ရွက်တွေနဲ့ အလားသဏ္ဍာန်တူတယ်ဆိုတဲ့ သဘောတရားလေးကို ကိုမင်းကိုနိုင် ကိုယ်တိုင်ဖန်တီးပုံဖော်ထားတဲ့ ပန်းချီကားလေးနဲ့ ကျေးဇူးတင်မှတ်တမ်းလွှာလေးကို လက်ခံရရှိခဲ့တာပါပဲ။
ပင်လယ်လမ်း
လေကြမ်းမှာပဲ..
ဆိပ်ကမ်းရောက်ဖို့
"ရွက်"တွေက ထောက်ပို့ပဲ
💪 ပြည်သူ့တော်လှန်ရေး မုချ အောင်ရမည်။ 💪
Back to blog