PDF လူငယ်လေးများနှင့် CDM ဆရာ၊ဆရာမများအတွက် အာဟာရအလှူ October 2022
shop.shwebiz.com ကနေ ရောင်းချလို့ရတာလေးနဲ့ လှူဖြစ်တဲ့ ShweBiz နဲ့ Customer များရဲ့ ဒီလအတွက် နောက်ထပ်အလှူတစ်ခုပါ။ စစ်ကိုင်းတိုင်း တနေရာမှ PDF သူရဲကောင်း လူငယ်လေးတွေအတွက် အာဟာရဒါနအလှူ ဖြစ်ပါတယ်။ ကလေးတွေပညာရေးအတွက်ကြိုးစားနေကြတဲ့ CDM ဆရာ၊ ဆရာမတွေကိုပါ ကျွေးမွေးခွင့်ရခဲ့ပါတယ်။ အိမ်ချက် အမဲသားဟင်း၊ ဝက်သားဟင်း၊ ချဉ်ရည်ဟင်း၊ အရံဟင်း အပြည့်အစုံနဲ့ ရှယ် ၂ နပ်စာ ကျွေးမွေးလှူတန်းခွင့်ရခဲ့လို့ အလွန်ဝမ်းမြောက်ပီတိဖြစ်ရတဲ့အလှူလေးတခုပါ 💪💪💪
