ကရင်နီပြည်နယ် စစ်ဘေးရှောင်ဒေသ တစ်ဝက်စျေးဆိုင်လေးများ ထောက်ပံ့အလှူ

ကရင်နီပြည်နယ် စစ်ဘေးရှောင်ဒေသ တစ်ဝက်စျေးဆိုင်လေးများ ထောက်ပံ့အလှူ

🧡 January လရဲ့ နောက်ထပ်အလှူတစ်ခုအဖြစ် HOPE - The Humanitarian Organization မှ ဆောင်ရွက်ပေးနေတဲ့ ကရင်နီ (ကယား) ပြည်နယ် စစ်ဘေးရှောင်ဒေသများမှ တစ်ဝက်စျေးဆိုင်လေးများအတွက် ShweBiz နှင့် Customer များရဲ့ လစဉ်အလှူအဖြစ် January 2023 အတွက် သုံးသိန်းကျပ် လှူဒါန်းပါသည်။ 😢 HOPE အဖွဲ့မှ ကောက်ယူထားတဲ့စာရင်းအရ အဲ့ဒီ့ဒေသတဝိုက်မှာ တိုက်ပွဲတွေ ဖြစ်ပွါးမှုကြောင့် အိုးအိမ်စွန့်ခွါခဲ့ရပြီး စစ်ဘေးရှောင်စခန်းတွေမှာ ခိုလှုံနေထိုင်ကြရတဲ့ စစ်ဘေးရှောင်မိသားစု သုံးသောင်း ဝန်းကျင်ရှိပါတယ်။ 🧡 အဲဒီအထဲကမှ HOPE က ပံ့ပိုးဖွင့်လှစ်ပေးနိုင်တဲ့ တစ်ဝက်စျေးဆိုင်လေးတွေက မိသားစုသုံးထောင်ဝန်းကျင်ရဲ့ နေ့စဉ်စားဝတ်နေရေး အဆင်ပြေသက်သာစေပါတယ်။ စစ်ဘေးရှောင်မိသားစုများ လိုအပ်တဲ့အသုံးအဆောင်လေးများ ဝယ်သုံးနိုင်အောင်၊ နေ့စဉ်သုံးပစ္စည်းများကို တစ်ဝက်စျေးနဲ့အရှုံးခံရောင်းချပေးနေတဲ့ တစ်ဝက်စျေးဆိုင်လေးများဖြစ်ပါတယ်။ 🧡 အသေးစိတ်အချက်အလက်များကို HOPE - The Humanitarian Organization page မှာ လေ့လာနိုင်ပါတယ်။ https://www.facebook.com/hopehumanitorg

Back to blog