Skip to product information
1 of 5

Top One

Top One ရန်ကုန်ထမင်းသုပ် (၂ ယောက်စာ)

Regular price $6.99 AUD
Regular price Sale price $6.99 AUD
Sale SOLD OUT
Top One က သေသပ်သန့်ရှင်းစွာ ထုတ်လုပ်ထားတဲ့ ရန်ကုန်ထမင်းသုပ် အနှစ်ထုပ်ကလေးပါ။ ထမင်းတွင်သာမက အသုပ်စုံပါသုပ်လို့ရတဲ့ အနှစ်ထုပ်ဖြစ်ပါတယ်။ ခေါက်ဆွဲ၊မုန့်ဖတ်၊ပဲကြာဇံ၊တို့ဟူး၊ရှောက်သီး၊မြင်းခွာရွက်၊နန်းကြီးလုံး၊နန်းပြား၊ငါးဖယ် စတာလေးတွေကို ဂေါ်ဖီ၊ကြက်သွန်နီ၊နံနံပင်၊ခရမ်းချဥ်သီး ကြိုက်နှစ်သက်ရာလေးတွေထပ်ဆောင်းထည့်ပြီး ရှိရှိသမျှအသုပ် အကုန်သုပ်လို့ရပါတယ်။
ပါဝင်ပစ္စည်းများ ။ ။ ငရုတ်ဆီချက်၊ မြေပဲ၊ ကြက်သွန်ကြော်၊ ပဲမှုန့်၊ ပုဇွန်ခြောက်မှုန့်၊ မန်ကျည်းရည်၊ HALAL ငံပြာရည်၊ ငရုတ်သီးကြော် စတာတွေပါဝင်ပါတယ်။ ၂ ယောက်စာကို သတ်သတ်စီခွဲထည့်ပေးထားလို့ ၁ ခါစားပြီးရင်လည်းသိမ်းထားလို့ရတယ်နော်။ ချဥ်ငံစပ် လေးမို့ ခံတွင်းတွေ့မှာအမှန်ပါပဲ။
Top One ကထုတ်တဲ့ပစ္စည်းတိုင်းက 100 ရာခိုင်နှုန်း Halal ဖြစ်တဲ့အပြင် Halal Certificate ကိုပါ ထပ်ဆောင်းရရှိထားပြီးဖြစ်လို့ လူမျိုးဘာသာမရွေး ယုံကြည်စိတ်ချစွာ စားသုံးဆောင် နိုင်တယ်ဆိုတာကို အာမခံပါတယ်။