Skip to product information
1 of 5

Top One

Top One အုန်းနို့ခေါက်ဆွဲ (အထုပ်သေး) (160g)

Regular price $5.99 AUD
Regular price Sale price $5.99 AUD
Sale SOLD OUT
ကြက်သားအုန်းနို့ခေါက်ဆွဲအနှစ် အထုပ်သေးတွင် ဂျုံခေါက်ဆွဲခြောက်ပါ ပါပြီးသားဖြစ်ပါတယ်။ ကြက်ရင်ဖုံ တစ်မျိုးထဲကိုသာအသုံးပြုထားပါတယ်။ငါးပိ ငံပြာရည်ကိုလုံးဝ ထည့်ထားခြင်းမရှိပါ။ အရသာရော quality အပိုင်းပါ ပြောစရာမရှိအောင်ကောင်းမွန်ပါတယ်။
ပါဝင်ပစ္စည်းလေးတွေကတော့ ကြက်သားဆီသတ်အနှစ်၊ ပဲမှုန့်+အုန်းသီးမှုန့်၊ခေါက်ဆွဲခြောက်၊ ငရုတ်သီးမှုန် တို့ပါဝင်ပါတယ်။ မုန့်ကြွပ်ကြော်ကိုတော့ လက်ဆောင်ထည့်ပေးထားပါတယ်။
၁ ယောက်စာဆိုပေမယ့် ပုံမှန်ပွဲဆို ၂ ပွဲလောက်ထိပွဲ​ပြင်လို့ရပါတယ်။

Top One ကထုတ်တဲ့ပစ္စည်းတိုင်းက စားသုံးသူဘေးအန္တရာယ်ကင်းရှင်းကြောင်း ကျန်းမာရေးထောက်ခံချက်လဲရရှိထားတဲ့အတွက် ယုံကြည်စိတ်ချစွာ သုံးဆောင်နိုင်ပါတယ်။ Halal Certificate ကိုပါ ထပ်ဆောင်းရရှိထားပြီးဖြစ်လို့ လူမျိုးဘာသာမရွေး ယုံကြည်စိတ်ချစွာ စားသုံး နိုင်တယ်ဆိုတာကို အာမခံပါတယ်။

ကြက်သားဆီသတ်အနှစ်ထုပ်တွင် ပါဝင်ပစ္စည်းများ။ ။ ကြက်သား၊ အုန်းနို့ ၊ ဂျင်း၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုတ်သီး၊ နနွင်း၊ ဆား၊ နေကြာဆီ။