Skip to product information
1 of 2

တောင်ပေါ် Local Food

တောင်ပေါ် Local Food ပင်းတယ တောင်ပေါ်ငရုတ်သီးချက်

Regular price $9.19 AUD
Regular price Sale price $9.19 AUD
Sale SOLD OUT
ရှမ်းပြည်နယ် ပင်းတယမြို့၊ တောင်ပေါ် Local Food က ထုတ်လုပ်တဲ့ ရိုးရာ တောင်ပေါ်ငရုတ်သီးချက် လေး ပါ။ သူ့ချည်း ထမင်းပူပူလေးနဲ့ စားစား၊ ရှမ်းရိုးရာအစားအစာလေးတွေဖြစ်တဲ့ ငါးထမင်းနယ်၊ ရှမ်းခေါက်ဆွဲစတဲ့ အစားအစာလေးတွေမှာ topping အနေနဲ့ ထည့်စားစား လုံး၀ကွက်တိလိုက်ဖက်စေမည့် ပင်းတယ ငရုတ်သီးချက်လေးပါ။ သန့်ရှင်းလတ်ဆတ်အောင် ပင်းတယမြို့ကနေတိုက်ရိုက်မှာယူထားပြီး လေယာဉ်ကြီးစီးလာတဲ့ တောင်ပေါ်ငရုတ်သီးချက်လေးဖြစ်ပါတယ်။ နာမည်ကြီး ရွှေဥမင်လှိုဏ်ဂူဘုရား၊ ရေကြည်လင်သန့်ရှင်းတဲ့ ပုန်းတလုပ်ရေကန်ကြီး၊ သက်တမ်းရင့်ညောင်ပင်ကြီးတွေအစီအရီနဲ့ သာယာလှပတဲ့ မြန်မာပြည်ရဲ့ ခရီးအလည်အပတ်သွားစရာ ပျော်စရာကောင်းတဲ့နေရာတစ်ခုဖြစ်သလို‌၊ ရေမြေကောင်းလို့ လတ်လတ်ဆတ်ဆတ်နဲ့ စားလို့ကောင်းတဲ့ဒေသစာလေးတွေထွက်တဲ့ ပင်းတယမြို့လေးရဲ့ ရှမ်းဓနုရိုးရာ အစားအစာလေးတွေသုံးဆောင်ကြည့်ကြပါဦးနော်။