Skip to product information
1 of 2

မြောက်မလွယ် (မန္တလေး စျေးချို)

မြောက်မလွယ် မန္တလေး ဆီချက်ခေါက်ဆွဲ

Regular price $3.99 AUD
Regular price Sale price $3.99 AUD
Sale SOLD OUT
ရွှေမန္တလေး စျေးချိုမြောက်မလွယ် ရှမ်းခေါက်ဆွဲဆိုင် ကထုတ်လုပ်တဲ့ မန္တလေး ဆီချက်ခေါက်ဆွဲ ပါ။ ရှေးယခင် မန္တလေးဈေးချိုတော်မှာ အလယ်ပေါက်ရယ်၊ တောင်မလွယ်ပေါက်ရယ်၊ မြောက်မလွယ်ပေါက်ရယ်ဆိုပြီး အရှေ့အနောက် တိုးလျိုပေါက် လမ်းတွေ ရှိပါတယ်။ အဲဒီ စျေးချို မြောက်မလွယ်ပေါက် ဖက်မှာ ဖွင့်ခဲ့လို့ မန်းသူမန်းသားတွေပါးစပ်ဖြားမှာ မြောက်မလွယ် ရှမ်းခေါက်ဆွဲဆိုင်ရယ်လို့ နာမည်တွင်ခဲ့တဲ့ နှစ်ပေါင်း ၄၀ ကျော် သက်တမ်းရှိပြီဖြစ်တဲ့ မန္တလေးစျေးချိုမြောက်မလွယ်ဆိုင်ကထုတ်လုပ်တာမို့ မန်းဆီချက်ခေါက်ဆွဲ အရသာစစ်စစ်ကို သုံးဆောင်ကြရမှာပါနော်။