1
/
of
3
မြောက်မလွယ် (မန္တလေး စျေးချို)
မြောက်မလွယ် မန္တလေး ခိုတောင်မုန့်တီ
Regular price
$5.99 AUD
Regular price
Sale price
$5.99 AUD
Unit price
/
per
Couldn't load pickup availability
ခိုတောင်မုန့်တီဆိုတာ ရှေးယခင် မန္တလေးမြို့ ဧရာဝတီမြစ်တစ်ဖက်ကမ်း စစ်ကိုင်း မင်းကွန်းကားလမ်းပေါ်က ခိုတောင်ရွာက မြို့ပေါ်ကို မုန့်တီတောင်းလေးတွေရွက်ပြီး လာရောင်းကြတဲ့ မုန့်တီသည်လေးတွေကို ကိုအစွဲပြုပြီး ခိုတောင်မုန့်တီရယ်လို့အမည်တွင်ခဲ့တာပါ။ ခိုတောင်မုန့်တီရဲ့ တစ်မူထူးခြားတဲ့ secret recipe ကြောင့် ဘာမုန့်တီနဲ့မှမတူပဲ အရသာထူးကဲတာ ခိုတောင်မုန့်တီပါ။ အခု ဒီ အသင့်စား ခိုတောင်မုန်တီထုပ်ကလေးတွေကတော့ ရွှေမန္တလေးစျေးချိုမြောက်မလွယ် ရှမ်းခေါက်ဆွဲဆိုင် ကထုတ်လုပ်တာပါ။ ရှေးယခင် မန္တလေးဈေးချိုတော်မှာ အလယ်ပေါက်ရယ်၊ တောင်မလွယ်ပေါက်ရယ်၊ မြောက်မလွယ်ပေါက်ရယ်ဆိုပြီး အရှေ့အနောက် တိုးလျိုပေါက် လမ်းတွေ ရှိပါတယ်။ အဲဒီ စျေးချို မြောက်မလွယ်ပေါက် ဖက်မှာ ဖွင့်ခဲ့လို့ မန်းသူမန်းသားတွေပါးစပ်ဖြားမှာ မြောက်မလွယ်ရှမ်းခေါက်ဆွဲဆိုင်ရယ်လို့ နာမည်တွင်ခဲ့တဲ့ နှစ်ပေါင်း ၄၀ ကျော်သက်တမ်းရှိပြီဖြစ်တဲ့ မြောက်မလွယ်ကထုတ်လုပ်တာမို့ တကယ့် မန္တလေးခိုတောင်မုန့်တီ အရသာစစ်စစ်ကို သုံးဆောင်ကြရမှာပါနော်။


Search by Categories
- »လက်ဖက် နှင့် အကြော်စုံ
- »မုန့်ဟင်းခါး၊ နန်းကြီးသုပ်၊ ခေါက်ဆွဲ
- »ယိုစုံနှင့် မုန့်များ
- »ဟင်းအနှစ်၊ အမှုန့်၊ ဟင်းခတ် အမွှေးအကြိုင်
- »စည်သွပ်ဗူးများ
- »ငပိ၊ ငါးခြောက်၊ ပုစွန်ခြောက်
- »အသင့်စား နှင့် အရံဟင်းများ
- »သနပ်၊ ရှမ်းချဉ်၊ အရွက်များ
- »အသုပ်အမျိုးမျိုး
- »ဟင်းရည်၊ ငါးမုန့်၊ ပုစွန်မုန့်၊ ကုန်ခြောက်များ
- »Halal
- »Health & Beauty
- »စာအုပ်များ
- »Spring Collection