Skip to product information
1 of 3

BEST

BEST ငါးကြီးချဉ်ကြော် (190g)

Regular price $6.29 AUD
Regular price Sale price $6.29 AUD
Sale SOLD OUT

BEST ရဲ့ အသင့်စား ငါးကြီးချဉ်ကြော်။ အရသာတမူထူးကဲပြီး ထိမိဂွိဖြစ်သွားစေမယ့် ငါးကြီးချဉ်ကြော်ပါ။ အချိန်ကုန်သက်သာသလို ဗူးလေးဖွင့်ပြီး နေရာတိုင်းမှာအသင့်စားသုံးလို့ရတော့ အဆင်ပြေပြီပေါ့။

👉 ငါးချဉ်တို့ ပုစွန်ချဉ်ကြိုက်တတ်တယ်ဆိုရင် BEST ငါးကြီးချဉ်ကြော်ကလေးစားကြည့်ကြပါနော်။ ငါးကြီးချဉ်ဆိုတဲ့အတိုင်း ငါးအသားတုံးကြီးတွေကို အချဉ်တည်ထားတာဖြစ်လို့ ချဉ်လဲချဉ်သလို၊ စိမ့်လဲအတော်စိမ့်၊ အတော်စားကောင်းတယ်။ ဗန်းမော်-ကသာနယ် အင်းတော်ဖက်က ထွက်တဲ့ ငါးကြီးချဉ်ဆိုတာ မြန်မာပြည်မှာ နာမည်တစ်လုံးနဲ့ လူသိများကြတဲ့ ဒေသထွက်အစားအစာတခုပါ။
😋 ပင်စိမ်းနံ့ မွှေးမွှေးလေးနဲ့ ငရုတ်သီးစိမ်းတောင့်လေးတွေပါထည့်ချက်ထားတယ်တော့ ထမင်းဆွဲတယ်။ သူနဲ့ ဟင်းချိုတမျိုးမျိုးနဲ့ တွဲစားရင်လိုက်လို့ တစ်ပန်းကန်ဆိုတာ ရွှတ်ကနဲရယ်။ 

👍 အချက်အပြုတ်ကောင်းတဲ့ BEST ကထုတ်လုပ်ထားတာကြောင့် မြည်းစမ်းကြည့်ကြပါဦး။